Events
Global Virtual Textile and Home Furnishing Expo ပြပွဲကျင်းပမည်
Updated At: 2020-08-18 09:31:43
ပထမအကြိမ် “Global Virtual Textile and Home Furnishing Expo” ပြပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် Federation of Indian Chambers of Commerce and Industry (FICCI) က ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ Virtual Platform အသုံးပြု၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နယူးဒေလီမြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးကတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲတွင် အိန္ဒိယနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ ကုမ္ပဏီလုပ်ငန်းရှင်များက အသင့်ချုပ်ပြီးအဝတ်အထည်များ၊ အထည်အလိပ် လုပ်ငန်းဆိုင်ရာပစ္စည်းများ၊ ဝါဂွမ်းနှင့်ချည်မျှင်ကုန်ကြမ်းပစ္စည်းများ၊ ပရိဘောဂနှင့်အိမ်တွင်းအလှဆင်ပစ္စည်း များ၊ သားရေထည်နှင့်ဖိနပ်များ၊ အိမ်တွင်းသုတ်ဆေးနှင့် အထည်အလိပ်ဆိုးဆေးများ စသည်တို့ကိုခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ ရောင်းသူဝယ်သူတွေ့ဆုံဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ လုပ်ငန်းရှင်များ ပါဝင်ပြသလိုပါက မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၆၅၀ နှင့် ကျသင့်မည့်ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (GST) ကို ပေးဆောင်ရမည်ဖြစ်ပြီး ဝင်ရောက် ကြည့်ရူ့ဝယ်ယူလိုသူများအား မှတ်ပုံတင်ကြေး အခမဲ့ခွင့်ပြုမည်ဖြစ် ကြောင်းနှင့် ၎င်းပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါရန် ဖော်ပြလျက် FICCI မှ မြန်မာသံရုံးသို့ အီးမေးလ်ပေးပို့ ဆက်သွယ်ဖိတ်ကြားလာပြီး www.Ficciglobiz.com တွင် ဝင်ရောက်ကြည့်ရူ့နိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]၊ moctradefair@ myantrade.gov.mm နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးကစီးပွားရေးသံမှူး၊ ဦးနေအေးလွင်၊ email:[email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025